Thursday 7 January 2010

ချစ် အတွက်ပါ


မြင်လှည့်ပါ မင်းနဲ့ အနီးဆုံးမှာရှိတဲ့ ငါ့ကိုလေ

ပြောလှည့်ပါ မင်းဘ၀မှာ ရင်ဖွင့်စရာကြုံလာတဲ့အခါ

ခေါ်လှည့်ပါ ငါ့ အကူအညီ ကို လိုအပ်တဲ့အခါ

ထားခဲ့ပါ ငါ့ထပ် ပေးဆပ်နိုင်သူကို မင်းတွေ့တဲ့ အခါ

ချစ် ဖတ်ဖို့


အလုပ်တွေရှုပ်နေရင်တောင် နင်ရောက်လာပေးပါနော်
ငါအရမ်းချစ်လို့ နင့်အကြောင်းတွေကို ခဏခဏတွေးဖြစ်တယ်......


နင်လာမယ်လို့ ပြောတဲ့နေဆို စောင့်နေရတာတောင် ငါပျော်တယ်
တကယ်လို့ နင်ရောက်မလာရင်တော့ ငါအရမ်းစိတ်ညစ်တယ်.....


နင်နဲ့စကားပြောနေတဲ့ ခဏဆိုတဲ့အချိန်လေးမှာတောင်
ငါ့ဘဝနဲ့ငါ့အရာအားလုံးပြည့်စုံနေတတ်တာ ငါ့ကမ္ဘာပါ ချစ်သူ.....


ဘယ်လိုဖြစ်ဖြစ်ပါ နင့်ကိုငါတွေ့လို့ နင့်မျက်နှာလေးမဲ့နေရင်တောင်
မြင်နေရလို့ ငါကျေနပ်တယ်....


အရင်က ညဆိုစိမ်းနေတတ်တဲ့ နင့် Nick လေးကိုလည်း
ညဆို ငါမကြည့်ဖြစ်တော့တာကြာပါပြီ......


နင့်အကြောင်းတွေမတွေးတော့ပါဘူး
နင်လာမယ်လို့ပြောထားခဲ့တဲ့ မနက်ဖြန်ဆိုတဲ့နေရာလေးကပဲ စောင့်နေလိုက်တော့မရ်.....


နင်စိတ်ညစ်နေတဲ့ အချိန်တိုင်းမှာ နင့်ကိုချစ်တယ်ဆိုတဲ့ငါဟာ
နင့်နားမှာ ရှိနေပေးနိုင်ခဲ့တာ စကားလုံးတွေအဖြစ်နဲ့ပါပဲ....


ငါတောင်းပန်ပါတယ် ချစ်သူရယ်
ငါနေချင်တာလည်း ငါအရမ်းချစ်တဲ့နင့်အနားမှာပါပဲ......


ငါနင့်ကိုဘယ်လောက်ချစ်လည်းဆိုတာ ငါမသိပါဘူး
သေချာတာတခုက ငါတမ်းတမိလို့လွမ်းတိုင်း နင်ထက်မပိုပါဘူး......


ပြတင်းပေါက်တခါးကိုဖွင့်လိုက်လို့
မနက်ဖြန်က နင်နဲ့သာ ငါ့ကိုတွေ့ခွင့် အမြဲတမ်းပေးမယ်ဆို.....

Tuesday 5 January 2010

ချစ်ရဲ့ အချစ်တော်များ


ချစ် ရဲ့ အ မှတ်တရ


 
 









ချစ်ရဲ့ ပုံလေးတွေပါ

ကို့ ရဲ့ နတ်သမီး





သူမကတော့ ကျွန်တော် ဘ၀ ရဲ့ နတ်သမီးပါ . နာမည်ကတော့ ခင်မာရီပါ .သူမ မေမေ ကတော့ ချစ်စနိုးနဲ့ ခင်လေး လို့ ခေါ်ပါတယ် ကျွန်တော်ကတော့ ချစ်လို့ ခေါ်တယ် ။

ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်ကတော့ (စိတ်ပုတ်လေး) တဲ့ . ဘယ်လိုပဲ ခေါ်ခေါ် ပါ ကျွန်တော် ချစ်သူ ကို ခေါ်လိုက်တိုင်းမှာတော့ ချစ်စိတ်တွေ အပြည့်အ၀ပါပါတယ် ။

ကျွန်တော် ချစ်သူက ချောလဲ ချောတယ် .စိတ်ထားလဲ အရမ်းပြည့်ဝပါတယ် .

အိပ်ရေးမ၀ရင် ၊ ထမင်းမစားရသေးရင် ဂျီကျတာကလွဲလို့ပေါ့ :D

ကျွန်တော် ချစ်သူ မွေးနေ့ကတော့ ၂၄.၃.၁၉၈၈ ပါ ။ ကျွန်တော် ချစ်သူကဘာဝါသနာပါတယ် ဆိုတာတော့ တခါမှ မပြောဖူးတော့ မသိဘူးဗျ .

ဒါပေမယ့်  ရုပ်ရှင်ကြည့်တာတော့ ၀ါသနာပါတယ် .ကျွန်တော် ချစ်သူ စိတ်အ၀င်စားဆုံး

အလုပ်ကတော့ ၂ ခုရှိတယ် . တစ်ခု က အိပ်တာနဲ့ တစ်ခု က ကျွန်တော် ကို တွေ့ရင် ဂျီကျတာပါပဲ